Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တလုံးကြီးမြို့အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီ ခန့်က ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး
Nov 05,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်သည် သာယာဝတီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀နာရီ အချိန်က လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိ သော မဲရုံများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများအားမဲလက်မှတ်များ ထုတ်ပေးနိုင်ရန် မဲလက်မှတ်များ စစ်ဆေးရေတွက်
Nov 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ ဆန္ဒပြုနိုင်ရန်အတွက်မဲလက်မှတ်များကို စစ်ဆေးရေတွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်း နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက စစ်ဆေးရေတွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့် စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတ အသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ အသုံးပြုမည့် ကျန်းမာရေးအထောက်အကူအပြုပစ္စည်းများ ထုတ်ပေး
Nov 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိမဲရုံများ၌ အသုံးပြုမည့်မဲရုံသုံးကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ ရပ်ကွက်ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲကောက်ခံရရှိမူ(၁၂၈၆၁) ဦးခန့် ထိရှိလာ
Nov 05,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အိုများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး များ မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲများ ရယူခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲ(၁၂၈၆၁)ဦးခန့်ထိ ကောက်ခံရယူနိုင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဥက္ကံကျေးရွာ ကျေးလက်မီးလင်းရေး လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Nov 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးအစီအစဉ်တွင် တတိယ မြောက် မီးလင်းသည့် ကျေးရွာအဖြစ် ဥက္ကံကျေးရွာအုပ်စု ဥက္ကံကျေးရွာသည် အောက်တိုဘာလ ၂၈ ရက်နေ့က မီးစတင်လင်းပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်တွင် အသက်(၆၀)နှင့်အထက်ပြည်သူများနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့်သူများ ကြိုတင်ဆန္ဒမဲပေး
Nov 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌ တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲလက်မှတ် ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28369
Page
28370
Page
28371
Page
28372
Current page
28373
Page
28374
Page
28375
Page
28376
Page
28377
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department