အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းဖြစ်သူ ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတ မြို့နယ်တွင် အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံ အဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များမှ အဆင်ပြေစွာကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည်။
Nov 06,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ မဲ​ပေးရမည့်နည်းလမ်းများ သိရှိ​စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့တွင်း စည်ကားရာနေရာများ ၊ လမ်းဆုံနေရာများ ၊ လမ်းသွားလမ်းလာပြည်သူများ ၊ နေအိမ်များ၌ အသိပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့ နံနက် ၁၀ နာရီခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၊ နဘုလယ်‌ဒေသရှိ မူးဒူး၊ ထိန်ကြီး၊ လဲ‌ရှောင်၊ ပရဒပ်‌​ကျေးရွာအုပ်စုတို့ရှိ မဲရုံ (၁၀)ရုံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၈ နာရီခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Nov 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ တည်ငြိမ်အေးချမ်းစွာ မဲပေးနိုင်ရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်က ကွင်းဆင့်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 06,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသော ဦးတင်မောင်ဝင်း၊ ဖာပွန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍စစ်ဆေးခဲ့ကြသည်။