အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စု ဝါးမီးကလားကျေးရွာနှင့် ထီးပါးရက် ကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မဲရုံများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများပေးနိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားရှိပြီးပြီဖြစ်ကြောင်း သိရသည်။
Nov 06,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင်၌ ဆောင်ရွက်ခဲ့သည်။
Nov 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် ဆန္ဒပြုမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့၊နံနက်ပိုင်းအချိန်က မုံးကိုးမြို့၊ မြို့အုပ်ချုပ်‌ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 06,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်မှ Facility Quarantine ဝင်ရောက်နေသူများ နှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူ  (၁၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်ဦးဆောင်မှုဖြင့် ဓာတ်ခွဲနမူနာများ ရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန မန္တလေးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Nov 06,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် မဲရုံများ၌ လိုအပ်လျှင်အသုံးပြုရန်အတွက် ကျန်းမာရေးသုံး ပစ္စည်းများ ထုတ်ပေးခြင်း ကို ယနေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
Nov 06,2020
(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ မဲရုံများအား ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။