အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၈) ၃၀ မိနစ်အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေး နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် (Quarantine) ဝင်ရောက်နေသူ မဲဆန္ဒရှင်များမှ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နေ့လယ်က မြို့နယ်အတွင်းရှိ (Quarantine Center) များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
Nov 05,2020
၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ် ‌မြေများအတွင်း ဆန္ဒမဲပေးနိုင်‌ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
Nov 05,2020
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံး ပစ္စည်းအမျိုးမျိုးကို အောက်တိုဘာ ၂၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် မဲရုံလုပ်ငန်းသုံးပစ္စည်းများ ကို ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံတည်ဆောက် ထားရှိမှုအား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီဝင်ဦးညီထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 05,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု များ၌ မဲရုံများခင်းကျင်းပြင်ဆင်မှု အခြေအနေကို တာချီလိတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အမှတ်(၆)ရက်ကွက်၊ ဘူတာရုံလမ်းတွင် ဆောက်လုပ်လျက ်ရှိသည့် သုံးထပ်ဆောင်သာသနာ့ဗိမာန်‌တော်တည် ဆောက်ဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာ ၄ ရက်နေ့လည်ပိုင်းက စေတနာရှင်ပြည်သူများအလှူငွေလှူဒါန်းခြင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဝန်ကြီးဦး‌အောင်ဇော်နိုင် တတ်ရောက်ခဲ့ကြောင်း သိရသည်။