အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မရုံ၌ ယနေ့နံနက် ၉နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်၊ သာသနာ့နယ်မြေ အမှတ်(၄)ဝိုင်းရှိ ရွှေညောင်ပင် ကျောင်းတိုက်မှ သံဃာ‌တော် တစ်ပါးသည် အနံ့ပျောက်နေသဖြင့် ၃.၁၁.၂၀၂၀ရက်နေ့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ၏စီစဉ်မှုဖြင့် RDT test စစ်ဆေးဆောင်ရွက်ခဲ့ရာ Positive အဖြေထွက်ခဲ့ကြောင်း သိရသည်။
Nov 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းလုံမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 05,2020
 ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲခွဲများထံ သို့မဲရုံသုံးပစ္စည်းများနှင့်ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်စန္ဒကူးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။
Nov 05,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့အတွင်းရှိ ပျားရှာဖွေသူများ ပျားရည်ဈေးကောင်းရရှိနေသောကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်လျှက်ရှိကြောင်း ပျားရှာဖွေ၍ ပျားရည်ရောင်းချနေသူများကပြောပြ၍ သိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများ ပေးအပ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။