အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအလိုက် အသုံးပြုရန် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့နံနက် ၁၁ နာရီက အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့သည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီဖွင့်လှစ်ထားသော ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက် (၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Nov 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လွှတ်တော်သုံးရပ်နေရာ အသီးသီး၌ ကိုယ်စားလှယ်လောင်း(၁၆)ဦးနှင့် အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း(၇)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
Nov 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အထူးရွေးချယ်လေ့ကျင့်ထားသော အထူးရဲများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်းများ ဟောပြောပို့ချခြင်း အခမ်းအနားကို အောင်မြတ်ခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 05,2020
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရပြီး၊ ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ခြင်းနှင့် ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ယနေ့တွင် ပြန်လည်စတင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
Nov 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းနှင့် (Mask)များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က တာချီလိတ်မြို့အဝင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။