အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံခြားကြိုတင်မဲလက်မှတ်များအား မဲပုံးအတွင်းထည့်သွင်း၍ ချိတ်ပိတ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ေခးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်းရှိ မဲရုံ(၂၆)ရုံအတွက် Coronavirus Diseases2019(COVID-19) ကာကွယ်ထိန်းချုပ်ရေး အမျိုးသား ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN 95(၁၁၈၆၀)ခု၊ Face Shield(ကိုင်း) (၁၄၀) ခု၊ Face Shield (ကော်ပြား) (၁၄၀) ခု၊ Surgical Gown (၇၀၀) ထည်၊ Medical Cap (၄၂၀) ခု၊ PPE Level-3 (၈၄)ထည်၊ Surgical Gloves (၁၆၈)ခု၊ Protective Face Mask (၁၆၈)ခု၊ Goggles(၁၆၈)ခု၊ Boot (၅၆)ခုနှင့် PPE Coverall(M) (၈၄)ခု တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေး မှူးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်းနှင့် တာ၀န်ရှိသူများမှ အသီးသီးခွဲဝေပေးပြီးဖြစ်ကြောင်းသိရသည်။
Nov 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Nov 03,2020
ပြည်တွင်း/ပြည်ပနေရာအသီးသီးမှ ပြန်လည်ဝင်ရောက်လာသူများကို COVID.19 ရောဂါနှင့် ပါတ်သက်၍စောင့်ကြည့်စစ်ဆေးရန်အတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ (၁၆) ကုတင် ဆံ့တိုင်းရင်းဆေးရုံအား Quarantine Centerအဖြစ် ယာယီဖွင့်လှစ်ထားရှိပြီး ရောဂါစစ်ဆေး ဆောင်ရွက်ခြင်းများဆောင်ရွက်ပေးလျှက်ရှိရာ နိုဝင်ဘာလ(၃)ရက်(ယနေ့)နံနက်ပိုင်းက Quarantine Center ဝင်ရောက်နေသူများထံမှ Swab များရယူကာ မန္တလေးမြို့ရှိ ရောဂါ ရှာဖွေရေးဌာနသို့ပေးပို့ခဲ့သိရှိရသည်။
Nov 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် ကျဒယ်ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ အသေးစိတ်ရှင်းလင်းပြသခဲ့သည်။
Nov 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊မိုးနဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် မဲရုံအလိုက်တာဝန်ထမ်း ဆောင်ကြမည့်သူများ၊ မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2020
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့၊ရပ် ကွက်(၂)၊မဲရုံ(၁)တွင် အသက်(၆၀)နှစ်နှင့်အထက် ကျန်းမာရေးမကောင်း၍ကြို တင်မဲပေးရန်မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအား အိမ်တိုင်ရာရောက်ကြို တင်မဲပေးခြင်းလုပ်ငန်းများကိုယမန်‌နေ့ည‌နေပိုင်းမှစ၍ စတင်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။