အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
Nov 03,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများ‌ဆောင်ရွက်ထားရှိမှု အခြေအနေအား ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 03,2020
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပန်ဟိုက်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 03,2020
မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာ(၁၉)ရက်မှ နိုဝင်ဘာလ(၅) ရက်နေ့ အထိ အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ် အတွင်း ကျေးရွာ/ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် သတ်မှတ်နေရာ အသီးသီးများ တွင်ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Nov 03,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဖြစ်သော အသက်(၂)လမှ (၁၈)လအထိ ကလေးငယ်များအား ယနေ့ နံနက်(၉)နာရီ အချိန်က ကာကွယ်ဆေးထိုးနှံခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2020
မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ကြမည့် မဲရုံဝန်ထမ်းများ နှင့် လုပ်အားပေးများ လိုက်နာ ဆောင်ရွက် ရမည့်လုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် သင်တန်းပို့ချခဲ့ကြောင်းသိရသည်။
Nov 03,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန် နေ့က ပြုလုပ်သည်။
Nov 03,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တွံတေးမြို့နယ်အတွင်းရှိ ခလုပ်ကျေးရွာအုပ်စု၊ ခလုပ်ကျေးရွာ ခလုပ်ဓာတ်အားခွဲရုံအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။