Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၄၀၀)စုတို့အား စားသောက် ကုန်များ ထောက်ပံ့ လှူဒါန်း
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊စန္ဒကူး(၂)ရပ်ကွက်နေ အလှူရှင် ကိုထိန်ဝင်း+ မစုလှိုင်ဝင်း (MS)မိသားစုမှ သား/သမီး များ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မြို့ပေါ် ရပ်ကွက်များ ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀)စု တို့အား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၉)နာရီအချိန် က ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 03,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ တုံပကာ-ဆုံဖာ-ပန်လုံလမ်း(၁၀/၀)မိုင်တွင် (၁/၀)မိုင်ကတ္တရာခင်းပြီး ကျန်(၉)မိုင်အနက် (၁/၀)မိုင် ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ (၅×၅×၂၆)ပေ Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို နိုဝင်ဘာလ ၃ ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံအောင်၊ ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဝင်းနိုင်တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ခရိုင်/ မြို့နယ်ရွေး…
Nov 03,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးမှ ယနေ့ နံနက်(၁၀) နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံပွဲပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့၌ အထွေထွေရွေးကောက်ပွဲကျင်းပမည့်မဲရုံများသို့ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး
Nov 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ လွှတ်တော်များနှင့် တိုင်းရင်းသားလူမျိုးဆန္ဒမဲပေးမည့် မဲရုံ(၄)ရုံ များသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများရှိရာ အခြေခံအိမ်ထောင်စု (၄၃) စု အတွက် စားသောက်ကုန်မျာ…
Nov 03,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း စားသောက်ရေးကိစ္စများတွင် အခက်အခဲများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ ကန်ေတာ်ကလေး (မြောက်ပိုင်း) ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများရှိရာ အိမ်ထောင်စု (၄၃)စု အတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံလှူဒါန်းခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် ပြည်သူများက ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများပေး
Nov 03,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အသက်(၆၀)နှစ်အထက်မဲဆန္ဒရှင် ပြည်သူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Nov 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပင်လောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 03,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယာပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများနှင့်အတူ မင်္ဂလာကွက်သစ်ရပ်ကွက်တွင် ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28396
Page
28397
Page
28398
Page
28399
Current page
28400
Page
28401
Page
28402
Page
28403
Page
28404
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department