Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သန်လျင်မှ သက်ကြီးအဘိုး၊ အဘွားနှင့် နွမ်းပါးသူများအား ထောက်ပံ့လှူဒါန်း
Nov 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာ (ကွက်သစ်)နှင့် ကညင်ပင်ကျေးရွာတို့မှ သက်ကြီးအဖိုး၊ အဖွားများနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၂၀၀)တို့အား အခြေခံစားသောက်ကုန်များကို We Love Yangon ဦးဆောင်မှုဖြင့် We Love Thanlyin လူထုအခြေပြု ပရဟိတ အဖွဲ့က အလှူရှင်များ ကိုယ်စား အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၁၈၆၄၀၀)ဧက စိုက်ပျိုးမည်
Nov 02,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၁၈၆၄၀၀) ဧကစိုက်ပျိုးသွားရန်လျာထားကြောင်းစစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးထံ မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲကောက်ခံနေမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး
Nov 02,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်ကျေးရွာ(၅၉)အုပ်စု တို့တွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ကာ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲများကို အောက်တိုဘာလ(၂၉)ရက်နေ့မှစတင်၍ ကောက်ခံနေပြီး ယမန်နေ့ နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲကောက်ခံနေမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနှင့်ဇနီး သရက်မြို့တွင် ကြိုတင် ဆန္ဒမဲပေး
Nov 02,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးနှင့် ဇနီးတို့သည် သရက်မြို့အမှတ်(၅)ရပ်ကွက် မဲရုံအမှတ်(၃) တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီကြိုတင် ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာ၂၉၅ ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးသွားမည်
Nov 02,2020
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်ကျေးရွာ ၂၉၅ရွာ ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း၁၀၀နှုန်း ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် Fever Clinic Centre အသစ်ကို နိုဝင်ဘာလ ၃ရက်နေ့တွင် ဖွင့်လှစ်သွားမည်
Nov 02,2020
ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်း၍ အခမဲ့ ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို နိုဝင်ဘာလ ၃ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ၆၂လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း
Nov 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ငွေကျပ်(၁)သိန်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Nov 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီ ထပ်ဆောက်လုပ်နေမှု အချိန်မှီပြီးစီးနိုင်ရေးအတွက် တာတန်ရှိသူများသည် ယမန်နေ့ နံနက်(၈) နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28411
Page
28412
Page
28413
Page
28414
Current page
28415
Page
28416
Page
28417
Page
28418
Page
28419
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department