Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈)ဦးဆေးရုံမှ ဆင်းခွင့်ရရှိ
Nov 02,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများသည် ယနေ့နံနက် ၈ နာရီအချိန် က ကျန်းမာရေး ကောင်းမွန်ပြီဖြစ်သည့် အတွက် ဆေးရုံဆင်းခွင့်ရရှိကြပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအားဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထုတ်ပေး
Nov 02,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ညောင်လေးပင်မြို့ အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကစ၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများပေး
Nov 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့် အညီ ကြိုတင်ဆန္ဒမဲများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center သို့ နံနက်စာ၊နေ့လယ်စာများ လာရောက် လှူဒါန်းပေး
Nov 02,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerရှိ အသွားအလာကန့်သတ်ထားသူများ၊ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက အမှတ်၃၈)ရပ်ကွက် ရွှေညောင်ပင် စားသောက်ဆိုင်မှ မှနံနက်စာအာဟာရဒါနအဖြစ် နန်းကြီးသုတ် နှင့် လက်ဖက်ရည်ဘူး၊ နေ့လယ်စာအတွက် ထမင်းဘူးများလာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Nov 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ပခုက္ကူမြိုနယ်အတွင်းရှိ မဲရုံနှင့် ယာယီမဲရုံများအား ကြည့်ရှု စစ်ဆေး
Nov 02,2020
မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ပခုက္ကူမြို့နယ်အတွင်းရှိ မဲရုံနှင့်ယာယီမဲရုံများအား ယမန်နေ့ နေ့လယ် ၁၂နာရီ အချိန်က ကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့၏ (၈၆၇)နှစ်မြောက် ရိုးရာနဂါးလှေသဘင်ပွဲတော် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပ ပြု လုပ်မည် မဟုတ်ကြောင်း သိရှိရ
Nov 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ် သာသနာ့ဝုဎ္ဋိပါလကျောင်းတိုက် ဦးစီးပဓာနဆရာတော် အသက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင်ပညာဒီပ၏ ဩဝါဒကို ခံယူ၍ တနင်္သာရီမြို့၏ ရိုးရာ နဂါးလှေ သဘင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက် နေ့မှာ စည်ကားစွာကျင်းပလျက်ရှိပြီး၊ (၁၇-၁၀-၂၀၁၉) နေ့တွင် တနင်္သာရီမြို့၏ မြို့တည်နန်းတည်နှစ် (၈၆၆)နှစ်မြောက်အဖြစ်၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ ပေးအပ်
Nov 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28408
Page
28409
Page
28410
Page
28411
Current page
28412
Page
28413
Page
28414
Page
28415
Page
28416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department