Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဖြတ်၌ အသက် (၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးခြင်းနှင့် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများ၊ မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 02,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်း ဖြင့် အိန္ဒိယနိုင်ငံ အထောက်အပံ့ရန်ပုံငွေ ကျပ်(၁၇၅.၃၃၅)သန်းဖြင့် ဆောင်ရွက်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ကူကီး ရွာမကျေးရွာ (အ.ထ.က) ကျောင်း (၉၀၃၀)ပေ (RC) (၂)ထပ် ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းအား လေရှီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးမှူး၊ ဦးခင်မောင်လင်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့ နယ်စပ်ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နယ်စပ်ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ယူနန်တယ်ဟုန်ပြည်နယ်)၊ လွတ်လပ်စွာကူးသန်း ရောင်းဝယ်မှု စမ်းသပ်ဒေသ၊ တယ်ဟုန်ဒေသအုပ်ချုပ်ရေးကော်မတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လန်ထင်းလူမှု ကယ်ဆယ်ရေး အသင်းတို့မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နှစ်ပြည် တစ်ရွာဂိတ်)တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံဦးသန်ဌေးနှင့် နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ…
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးသန်ဌေးက နမ့်ခမ်းမြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်လွဲ (၂)နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲစတင်ပေး
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင် ဆန္ဒမဲစတင်ပေးနေပြီဖြစ်ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၊ ဖားကန့်၌ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား စစ်ဆေး
Nov 02,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ကြိုတင်မဲပေးနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများတွင် ယာယီမဲရုံများ ဆောင်ရွက်ထားရှိမှုနှင့် အိမ်တိုင်ရာရောက် မဲထည့်နိုင်ရေး ဆောင်ရွက်နေမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဟန်နှင့် အတွင်းရေးမှူးတို့က ယမန်နေ့တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေး
Nov 02,2020
စဉ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်( ၆၀ )နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် အဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက်၍ ဆန္ဒမဲမပေးနိုင်သူများ၊ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့်သူများက ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ စဉ့်ကူးမြို့နယ်တွင် ကျေးရွာ ( ၃၉ )အုပ်စုရှိ မဲရုံပေါင်း( ၁၀၆ )ရုံတွင် အသက်( ၆၀ )နှစ်အထက် သက်ကြီးရွယ်အိုများ အပါအဝင် ကြိုတင် ဆန္ဒမဲပေးပြီးသူ( ၈၃၉၉ )ဦးထိ ရှိပြီဖြစ်ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများသို့ လှူဒါန်း
Nov 02,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံမှုများမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံတို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများကိုဆောင်ရွက်နေပြီး အဆိုပါစင်တာများနှင့်ဆေးရုံသို့ ရောဂါကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ထန်းတပင်)နှင့် ထန်းတပင်မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက သွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28413
Page
28414
Page
28415
Page
28416
Current page
28417
Page
28418
Page
28419
Page
28420
Page
28421
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department