အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးခရိုင်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ညောင်ဦးခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တာလုံရပ်ကွက်၊ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ်(၂၁)၊ တောင်သူဦးကျော်ဝင်း၏ ရွှေရင်အေး RS-CS မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများနှင့်တောင်သူများ  ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
Nov 02,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Nov 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက် သို့ လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ခြင်းနှင့် ကျေးလက် နေပြည် သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိစေရေး အတွက် (၄) လက်မစက်ရေတွင်း ခြောက်တွင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက် တော(စံပြ) ကျေးရွာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism (ကျောက်တောစံပြCBT)အား ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေး အပ်ခြင်းကို ယမန်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 02,2020
ရေစကြိုမြို့၊ ဖောင်တော်ဦးဘုရား၌ ကိန်းဝပ်စပ္ပာယ်တော်မူလျက်ရှိသော ညီနောင်ဘုရားငါးဆူ ပင့်ဆောင်၍ မြို့တွင်း အပူဇော်ခံနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Nov 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကာလတွင် မီးဘေးလုံခြုံမှု ရှိစေရေးအတွက် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော စက်သုံးစီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
Nov 02,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများတွင် သီးနှံ ဖျက်ပိုးများ ကျရောက်ကာ သီးနှံထွက်ရှိမှု မလျော့ကျစေရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေးနည်း ပညာပေး လုပ်ငန်းများကို   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက    ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရ သည်။