အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် ဒုတိယ မဲရုံမှူးများအား PPE ဝတ်ဆင်နည်း၊ ချွတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Nov 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာ၊ ရှုတိုင်းယဉ်ရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က လျှပ်စစ်မီတာပုံး‌သို့ သွယ်တန်းထားသော မိန်းဝါယာကြိုး အပူလွန်ကဲရာမှ ကာရံထားသော ဓနိအကာအား မီးစတင် လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
Nov 01,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် အဖွဲ့သည် ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အမှတ်(၃)ရပ်ကွက် မဲရုံအမှတ်(၁)၌ ဆောင်ရွက်ခဲ့ကြသည်။
Nov 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်း မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံ အဖွဲ့ဝင်များအတွက် မဲရုံသရုပ်ပြသင်တန်းအား  ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို့ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 01,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီ က အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက် (၁၅၉)၊ ၂၁ လမ်းနှင့် ၂၂လမ်းကြား၊ ၈၆ လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
Nov 01,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Nov 01,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ လူမှုကရုဏာကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ​တော်​နေ့တွင် အလှူရှင် မြဆည်းဆာဆရာ​ ​တော်ဘုရားကြီးမှ အ​ရေး​ပေါ်လူနာတင်ယာဉ်တစ်စီးနှင့် အလှူငွေ ကျပ်တစ်သိန်းတို့အား​ ကျိုက်မ​ရောမြို့ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။