အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေသည့်၊ ပိုးတွေ့လူနာများအနက်(၆)ဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Nov 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 02,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရန်အောင်သီရိခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးနှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Nov 02,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရ သီရိမြို့နယ် အတွင်းရှိ မဲရုံများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့သည်။
Nov 02,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက် ညနေပိုင်းမှ စတင်၍ နိုဝင်ဘာ ၁ ရက်နေ့အထိ မိုးရွာသွန်းခဲ့သည့်အတွက် ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ပြီး ယနေ့ နံနက် ၆ နာရီ အချိန် တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ၂ ဒသမ ၇၀ ပေ ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။
Nov 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သို့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင် သည်  တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   ဥက္ကဋ္ဌ ဦးတင်ဦး၊ ခရိုင်/  မြို့နယ်ရွေး‌ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ရောက်ရှိခဲ့ပြီး တောင်ပိုင်းရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့်မြောက်ပိုင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့  သွားရောက်၍  အသက် ( ၆၀ )နှစ်နှင့် အထက်  ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအားမှာကြားခဲ့သည်။
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်ပါတီစုံဒီမိုကရေစီအ‌ထွေ ထွေရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက်  ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို အောက်တိုဘာလ(၃၀)ရက်နေ့မှစတင်၍ မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက စတင်ထုတ်ပေးလျက်ရှိသည်။