အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနေမှုနှင့် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်ပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 01,2020
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၂၄ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-35035) သည် ယနေ့‌ နေ့လယ်ပိုင်း ၁၂ နာရီ ကျော်အချိန်က ဆေးရုံမှဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
Nov 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်(၁၀)မျိုးတို့ကို ယမန်နေ့ နံနက်ပိုင်းက နှလုံးသာပရဟိတ(သီပေါ)အဖွဲ့မှ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။
Nov 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းနှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၉)ကျောင်းသို့ ဆွမ်းဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်ကွက် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈) နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက် ဆေးကုသမှု ခံယူနေသည့် လူနာသည် ယနေ့တွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Nov 01,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များစွမ်းရည်ပြည့်ဝစေရန် ရှာဖွေ ကယ်ဆယ် ရေး သင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လက်တွေ့ သင်ကြားပေးခဲ့ သည်။
Nov 01,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးခဲ့သည်။