အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် (၇၂)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့၌ အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်များ ရွတ်ဆိုပူဇော်ခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော်ရှိ သိမ်တော်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 01,2020
စစ်ကိုင်းမြို့တွင် (၂)နှစ်အောက် ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဒေသန္တရ ကျန်းမာရေးဌာနနှင့် ရွာထောင်မီးရထားရပ်ကွက်တို့တွင်  ယနေ့ နံနက်ပိုင်းက  ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
Nov 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစွည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟုမ္မလင်းမြို့ မြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
Nov 01,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က အစိုးရအသိအမှတ်ပြု နိုင်ငံပြင်ပ ရောက် ပြည်သူများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ် ထားသည့် ဆန္ဒမဲပုံးအတွင်းသို့ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
Nov 01,2020
သာပေါင်းမြို့နယ်တွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်များညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သာ​ပေါင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံး အစည်းအဝေးခန်း၌ တွေ့ဆုံကျင်းပခဲ့သည်။
Nov 01,2020
နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် တိုင်း/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။