Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျီခါးမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့်နေရာ(Quarantine Center)အတွက် (R.P.U.F)အဖွဲ့မှ လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်း ပေးအပ်
Nov 01,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်များ အား မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှ တစ်ဆင့် စနစ်တကျပြန်လည် လက်ခံ၍ ကျီခါးမြို့ Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က Rural People Upliftment Foundation (R.P.U.F) အဖွဲ့မှ Quarantine Center အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ သီတင်းကျွတ်အခါသမယ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
Nov 01,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား သီတင်းကျွတ် အခါသမယ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါ နန်းတော်ကျွန်း ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစွည်များ ခန္တီးမြို့နယ်သို့ရောက်ရှိ
Nov 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစွည်း(၇)မျိုးသည် ယမန်နေ့ ညနေပိုင်းတွင် ခန္တီးမြို့သို့ ရောက်ရှိလာရာ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတို့က အမြန်ရေယာဉ်ဆိပ်တွင် လက်ခံ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်အသင်း(ရန်ကုန်)မှ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း
Nov 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် လိုအပ်သောနေရာများ၌ အသုံးပြုရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ကွမ်းခြံကုန်းမြို့နယ်အသင်း(ရန်ကုန်)က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းက အလှူငွေများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း အသက် (၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်ပေး
Nov 01,2020
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲ မပေးနိုင်သည့် ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် အသက် ( ၆၀ ) နှစ် နှင့်အထက် သက်ကြီးရွယ်အို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကွင်းဆ…
Nov 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်း၍ မဲရုံသို့မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများဆန္ဒပြုနိုင်ရေး ကြိုတင်ဆန္ဒမဲများ အိမ်အရောက် လိုက်လံကောက်ယူခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Nov 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွား ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီကကျောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသော ရွာသာကျေးရွာရှိ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ
Nov 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာသာကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယနေ့နံနက် ၁၀နာရီက အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းခန်းမတွင် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28419
Page
28420
Page
28421
Page
28422
Current page
28423
Page
28424
Page
28425
Page
28426
Page
28427
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department