Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျခြင်း နှင့် လူနေအိမ်များ အမိုးလန်ပျက်စီး
Nov 05,2020
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ယမန်နေ့ ညနေ၃ခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြေစွန်းတော်ကျေး ရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့် မြေဖြူ-မုံညှင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် သစ်ပင်များလဲကျခြင်းနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင်ကြိုတင်မဲပေးမှုအခြေအနေနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Nov 05,2020
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့ရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၆)တွင် ကြိုတင်မဲပေးနေမှုအခြေအနေနှင့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကော့သောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၁ကြိမ်မြောက် ထီဖွင့်ပွဲမှ သိန်းတစ်သောင်းဆုပိုင်ရှင်က ပခုက္ကူမြို့ရှိ နေရာဌာန အသီးသီးသို့ အလှူငွေများ လှူဒါန်း
Nov 05,2020
ပခုက္ကူမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီသို့ သိန်းတစ်သောင်းဆု ပိုင်ရှင် ခိုင်ရွှေဝါမိသားစုမှ အလှူငွေပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ယနေ့ နံနက်၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Nov 05,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ယမန်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများအား အထောက်အပံ့ဖြစ်စေရန် ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား သက်ဆိုင်ရာခန်းမများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး စက်ရေတွင်းတူးဖော်ပေး
Nov 05,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေး လက်ရေ ရရှိရေးစီမံကိန်း(JICA)ဖြင့် ပခုက္ကူမြို့နယ်၊ ကန်စောင့်ကျေးရွာရှိ ကျေးလက်နေပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါတွင် မိုးသည်းထန်၍ မြစ်ချောင်းရေမြင့်တက်လာသဖြင့် ဆောင်းသီးနှံခင်းများ ရေဝင်ရောက်မှုရှိ
Nov 05,2020
ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတို့တွင် ဂန့်ဂေါမြို့နယ်၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းသော မိုးရေကြောင့် ဂန့်ဂေါမြို့နယ်အတွင်း မြစ်ချောင်းများ ရေလျှံသဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Nov 05,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ် ထုံးပေါက်တော(တောင်ရွာ၊မြောက်ရွာ)တွင် လျှပ်စစ်မီးစတင်ရရှိ
Nov 05,2020
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ် မီးရရှိရေးအတွက် ဆောက်ရွက်လျက်ရှိရာ ထုံးပေါက်တောအုပ်စု ထုံးပေါက်တော(တောင်ရွာ၊မြောက် ရွာ)တို့တွင် အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP)နှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး ကျေးရွာ မီးလင်းရေးကော်မတီတို့ ပူးပေါင်းကာ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28418
Page
28419
Page
28420
Page
28421
Current page
28422
Page
28423
Page
28424
Page
28425
Page
28426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department