Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်ကြီးနားမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲများ စတင်ပေး
Oct 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်၆၀နှစ်အထက် မိဘ ပြည်သူများအား ယနေ့ နံနက် (၈) နာရီမှစ၍ နိုဝင်ဘာလ (၅) ရက်နေ့၊ ညနေ(၆)နာရီ အထိကြိုတင်ဆန္ဒမဲပေး စတင်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့၌ မဲရုံသို့လာရောက် မဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေး…
Oct 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံသို့လာရောက်မဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြိုတင်ဆန္ဒမဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲစတင်ပေး
Oct 29,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)ကျော် ဘိုးဘွားများက မိမိတို့ရွေးချယ်မည့် လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်၊ နောင်တရားမြို့၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ ပြည်တွင်းကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ မဲလုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲများအား ပုံးထဲသို့ ထည့်ခြင်းဆောင်ရွက်
Oct 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် မဲဆန္ဒ နယ်ပြင်ပရောက် ပြည်တွင်း ကြိုတင်မဲများအား ကြိုတင်မဲပုံးထဲသို့ထည့်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်မောင်သင်နှင့် အဖွဲ့အဝင်များ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကြိုတင် ဆန္ဒမဲပေးနိုင်သည့်အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင် ပြည်သူ(၁၀၇၁၃)ဦးရှိ
Oct 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိူင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယနေ့ နံနက်(၈)နာရီမှညနေ(၆)နာရီထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ(၁၉၆၂၂)ဦးရှိ
Oct 29,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများသည် ယနေ့နံနက် ၉နာရီခွဲကစတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်တွင် အသက်(၆၀)နှစ်နှင့် အထက် မိဘပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု စနစ်တစ်ကျဖြစ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 29,2020
စစ်ကိုင်းခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များသည် အသက်(၆၀)ပြည့်နှင့် အထက် မိဘပြည်သူများ ကြိုတင် ဆန္ဒမဲပေးနေမှု အခြေအနေများအား စနစ်တစ်ကျဖြစ်ရေး ရပ်ကွက်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ယနေ့ နံနက်(၉)နာရီ အချိန်က လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ယာယီမဲရုံ ၁၂၁ ရုံ တည်ဆောက်သွားမည်
Oct 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီမဲရုံ ၁၂၁ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28441
Page
28442
Page
28443
Page
28444
Current page
28445
Page
28446
Page
28447
Page
28448
Page
28449
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department