အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံဖြိုးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 21,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များသို့ ထုတ်ပေးရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့တို့တွင် ၂၀၂၀ပြည့် နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပထမအကြိမ် မဲရုံမှူးသင်တန်းကို စလင်းမြို့ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က (ဆင်ဖြူကျွန်း) ကျောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချပေးခဲ့သည်။
Oct 21,2020
စစ်ကိုင်းတိုင်းဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ မဲရုံလုံခြုံရေး အထူးရဲ သင်တန်းနည်းပြ (၃) ဦး၊ သင်တန်းသား (၁၉) ဦး စုစုပေါင်း (၂၂) ဦးတို့ကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲစခန်းမှူးရုံး၌ (RDT) Test စစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 21,2020
ပြည်သူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ပြင်ဉီးလွင်ခရိုင်ပြန်ကြားရေး နှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် သတင်းအချက် အလက်ဆိုင်ရာ သိကောင်းစရာ နံရံကပ်ပိုစတာများကို ပြသဆောင်ရွက်လျက်ရှိသည်။
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအားလုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။