Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ကြိုတင်မဲပုံးထောင်ခြင်း ဆောင်ရွက်
Oct 16,2020
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ထည့်နိုင်ရန် ကြိုတင်မဲပုံးထောင်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောက်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၃၂)ဦးအား မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေး
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆) ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ (၉)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား(၁၀၇၀၃)ဦး၊ အမျိုးသမီး (၆၅၉၇)ဦး စုစုပေါင်း (၁၇၃၀၀)ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များရောက်ရှိ
Oct 16,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ လက်ပံတန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ ရောက်ရှိ၍ ဆန္ဒမဲ လက်မှတ်များကို မြို့မရဲစခန်းဝန်းရှိ မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်တိုက်တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်တက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန် အမျိုးသား (၃၇) ဦးအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ ဓာခွဲနမူနာများ ရယူ
Oct 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine ဝင်ရောက်နေသည့် ထိုင်းနိုင်ငံ၊ လားအိုနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသည့် နေရပ်ပြန် စောင့်ကြည့်သူအမျိုးသား(၉၄)ဦး အနက် (Swab) ယူရန် ကျန်ရှိနေသည့် အမျိုးသား(၃၇)ဦးအား ယနေ့နံနက် (၉)နာရီက ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ပုံး ထားရှိရေးဆောင်ရွက်
Oct 16,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ လက်မှတ် ထည့်မည့်မဲပုံးများအား လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့် ပူးပေါင်းစစ်ဆေးရေးဂိတ် နှစ်ဂိတ်အတွက် ထောက်ပံ့ငွေများပေးအပ်
Oct 16,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို နေ့/ည အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်က နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် နှစ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့ အတွက် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦးရောဂါပျောက်ကင်း၌ ဆေးရုံဆင်းခွင့်ပြု
Oct 16,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ဆည်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြု လူနာနှင့် အတူစီးနင်းလိုက်ပါလာသော မြစ်သားမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၌ ယမန့်နေ့က ဆေးရုံဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးမည်
Oct 16,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ရှိ အမျိုးသမီးငယ်များ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ ထက်မစော ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထက် နောက်မကျဘဲ မွေးဖွားသူများ) ကို သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး HPV vaccine ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28654
Page
28655
Page
28656
Page
28657
Current page
28658
Page
28659
Page
28660
Page
28661
Page
28662
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department