အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို ဦးဆောင်၍ ပညာရေးကောလိပ် Quarantine Center တွင် ထားရှိရာ နေရပ်ပြန်ရန် အခက်အခဲရှိနေသော ပြည်သူလူထု စုစုပေါင်း(၁၃၂)ဦးစာအတွက် ငွေကျပ်(၃)သိန်းတန်ဖိုးရှိ ထမင်းဗူး၊ အချိုရည်၊ ရေသန့်များကို ယနေ့နံနက် (၁၁)နာရီခွဲအချိန် က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Oct 15,2020
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီခွဲ အချိန်က ငဖဲမြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။
Oct 15,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်နက်ချောင်ကျေးရွာသို့ တပ်မတော် ကြည်း၊ ရေ၊ လေမှ လှူဒါန်းသည့် အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က အဆိုပါကျေးရွာရှိ ထူးထက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေး အဖွဲ့ ( FFI )မှ အမဲလိုက်မုဆိုးများအား ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ပြုလုပ်ခဲ့သည်။
Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ မြင်းခြံမြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် မြင်းခြံမြို့ အဖြူရောင် လက်များ ပရဟိတအသင်းက COVID-19 Mobile Swab Collection မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
Oct 15,2020
မွန်ပြည်နယ်ကျိုက်မရော မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း မသန်စွမ်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။