အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​​တော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး ​ကော်မတီက ​မြို့နယ်အတွင်း ရောဂါကာကွယ် ထိန်းချုပ်​ရေးလုပ်ငန်း ​ဆောင်ရွက်​နေမှုများကို မုံရွာခရိုင်၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦး​မောင်​မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။
Oct 14,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ​ကျေးရွာ​ပေါင်း (၁၅၈) ရွာနှင့် ​ကျေးလက်ပြည်သူ လူဦး​ရေ နှစ်သိန်းကျော်တို့အား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် လမ်းပန်းဆက်သွယ်​ရေး
Oct 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ သိရှိလိုက်နာရန် လိုအပ်သည့် အချက်အလက်များအား ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာ အတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩခြင်းနှင့် နှာခေါင်းစည်း (Mask) များ ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မအူပင်မြို့ရှိ အလှူရှင် ဦးဒလစ်(ခ) ဦးဉာဏ်ထွန်း + ဒေါ်စန်းစန်းမြင့် တပင်ရွှေထီး (ဆန်စက်နှင့်ရွှေဆိုင်) မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 14,2020
ဆန်အခက်အခဲဖြစ်ပေါ်နေသော ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဖောင်တိုးကျေးရွာအုပ်စု၊ ဟက်လက် ကျေးရွာရှိ အိမ်ထောင်စုများအတွက် လုပ်ငန်းရှင်များက စုပေါင်းလှူဒါန်းသည့် ဆန်အိတ် ၄၀ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာဝန် ထမ်းများက သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 14,2020
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အညီရောင်းချမှု ရှိစေရေးတို့ကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း၍ တာဝန်ရှိသူအဖွဲ့များက လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။
Oct 14,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံ(၁၄၀)အတွက် လုံခြုံ‌ရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၄၀)ဦးတို့တွင် ကိုဗစ်- ၁၉ရောဂါပိုး မတေွ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။