အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အဝေးရောက် ဘုတလင်မြို့နယ်ဇာတိသားများ၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အလှူရှင်များက အလှူငွေများကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များရှိ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် အတွက် မြို့နယ်ကိုဗစ် -၁၉ ကော်မတီ သို့ အလှူငွေနှင့် အစားအသောက် များကို ယနေ့နံနက်(၁၀)နာရီအချိန်က လာရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
Oct 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ ဖြစ်ကြသည့် Quarantine Center(၅)ခုရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက ​နေ့လည်စာနှင့် ည​နေစာထမင်းဘူးများ လာရောက်လှူဒါန်း ခဲ့ပါသည်။
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စည်ပင်သာယာရေးဌာန၏ ကွပ်ကဲမှုအတွင်းရှိ ဗဟိုဈေး၊ မင်္ဂလာဈေးနှင့် ပျံကျဈေး ၂ ဈေး တို့တွင် ဈေးရောင်း/ဈေးဝယ်သူများ Mask တပ်ဆင်မှု ရှိ/မရှိကို စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီ က လိုက်လံစစ်ဆေး ပြီး Mask တပ်ဆင်မှုမရှိသူ ၈၂ ဦးအား ဒဏ်ငွေရိုက် အရေးယူထားကြောင်းသိရသည်။
Oct 14,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများ၌ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေးအတွက် ယမန့်နေ့ နံနက်ပိုင်း က ဈေးရောင်းချ၊ ဝယ်ယူမှုများသည့် ဈေးများတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။
Oct 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးအရေး ယူခြင်းကို  မြို့နယ်အတွင်းရှိ အမှတ်(၃၂)ရပ်ကွက် ပျံကျဈေးနှင့် (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေး၊ (၄၈)ရပ်ကွက် ဖြိုးစပယ်ပျံကျစျေးတို့၌ ယနေ့ နံနက် ၈  နာရီက အရှိန်အဟုန်မြှင့်‌စစ်ဆေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်က လှူဒါန်းခဲ့ကြောင်း သိရသည်။