Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဖြတ်မြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ
Oct 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်ခန့် က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့နယ်တွင် ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်းများအား အထွက်နှုန်းကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်
Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ CERP အစီအစဉ်အရ ဆောင်ရွက်ထားသော မိုးစပါးဆင်း သုခမျိုးစေ့ထုတ်ကွက်များ အထွက်နှုန်းကောင်းမွန်စေရန်အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ကာလ သီလရှင်စာသင်ကျောင်းများသို့ အလှူရှင်များက ဆန် ၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်း
Oct 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ကာလ သီလရှင်စာသင်ကျောင်းများသို့ အလှူရှင်များက စုပေါင်းကာ ဆန်၊ ဆီများနှင့် စားသောက်ကုန်ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းတိုက်များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၌ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များအား Social Distancing နှင့်အညီ ကျေးရွာအုပ်စုအလိုက် ပေးအပ်
Oct 14,2020
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြု
Oct 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ယမန်နေ့က ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ သုံးစွဲရန်မသင့်သောတိုင်းရင်းဆေးဝါးများ စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 14,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင်းရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများအား စျေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာအုပ်စုတွင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ဘေလီတံတား ဖောက်လုပ်ပြီးစီး
Oct 14,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် (၂၃၉.၆၂)သန်းဖြင့် မိုင်းပန်လယ်ကျေးရွာအုပ်စု ကျိုင်းတုံ -တောင်ကြီးလမ်းမကြီးမှ မိုင်းပန်အောက်ရွာအထိ မြေလမ်း (၄/၄)မိုင်အနက် (၁/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် အလျား(၄၀) ပေ တစ်လွှာတစ်ထပ် သံဘောင်ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများအား မြေစိုက်နံရံကပ် ဘုတ်တွင်ပြသ
Oct 14,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံများအား ယနေ့နေ့လယ်ကစ၍ ပြသထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28713
Page
28714
Page
28715
Page
28716
Current page
28717
Page
28718
Page
28719
Page
28720
Page
28721
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department