Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နာဂဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေ
Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာဖြန့်ဝေခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက လဟယ်မြို့ ယာယီဈေး၊ လူစည်ကားရာနေများ၊ ဈေးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရပါ သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီမှ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော ပြည်သူများအား နေ့လယ်စာသွားရောက်လှူဒါန်း
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီမှ ပညာရေးကောလိပ် Quarantine Center တွင် ထားရှိရာ နေရပ်ပြန်ရန် အခက်အခဲရှိနေသော ပြည်သူလူထု စုစုပေါင်း(၁၁၈)ဦးအား ယနေ့နံနက် (၁၁)နာရီအချိန် က နေ့လည်စာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် အစာစပ်စက်ရုံအား Quarantine Centre အဖြစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ထား
Oct 14,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မပျံ့ပွားစေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် စပ်ဆက်ထိတွေ့သူများအား သီးခြားနေထိုင်နိုင်စေရန် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ အခြေခံကျောင်းများ၊ စက်ရုံများ၊ ရဲအကြပ်အတတ်သင်ကျောင်း Quarantine Centre များတွင်ထားရှိပြီး ကျန်းမာရေးနှင့် အညီစောင့်ရှောက်ပေးလျက်ရှိရာ ကျောင်းကုန်းကျေးရွာရှိ အစာစပ်စက်ရုံအား Quarantine Centre အဖြစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ထပ်မံဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား နယ်မြေရဲစခန်းတွင် သင်တန်းဖွင့်လှစ်ပို့ချ
Oct 14,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းနယ်မြေရဲစခန်းတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စခန်းမှူးရဲအုပ်ထွန်းထွန်းဝင်းနှင့် ဒုတိယရဲအုပ် ရန်နောင်စိုး တို့က သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့တွင် ကိုဗစ်နိုင်ဆေးလျှက်ဆား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိစစ်ဆေး
Oct 14,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများ ပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိရာ ကယား ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျှက်ဆား KOBITNAL MEDICAL SALT အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက် စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Oct 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာ ပြည်သူများ ပေါ့ဆနေမှုများ မရှိစေရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့် မြို့မဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားဖြူကျေးရွာတွင် ကျေးရွာ အ.ထ.က ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၉.၅၈၄)သန်းဖြင့် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ပုသိမ်မြို့နယ်အတွင်းရှိ ဖွင့်လှစ်လျက်ရှိသော အထူးရဲသင်တန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းသည် ယမန်နေ့ နေ့လည် ၃ နာရီက ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးဝန်း အတွင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အထူးရဲသင်တန်းအား လည်းကောင်း၊ ၄ နာရီတွင် အမှတ်(၉) ရပ်ကွက်ရှိ အထက(၈)ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အထူးရဲသင်တန်းတို့အား လည်းကောင်း သွားရောက်၍ အုပ်ချုပ်မှုကိစ္စများ အဆင်ပြေမှု ရှိ/မရှိ၊ ချက်ပြုတ်၊ ကျွေးမွေးမှု၊ အိပ် ဆောင်၊ သင်တန်းခန်းမ၊ ရေ၊ မီးရရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ သင်ကြားပို့ချမှု ရှိ/မရှိ တို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28711
Page
28712
Page
28713
Page
28714
Current page
28715
Page
28716
Page
28717
Page
28718
Page
28719
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department