အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ(၁၁၈)ဦး၏ Swab နမူနာများရယူကာ Rapid Test Kit ဖြင့် စစ်ဆေးခြင်ကို ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လွယ်ဆာကျေးရွာတွင် နိုင်ငံတော်မှ ကိုဗစ် -၁၉ ကာလ အတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။
Oct 14,2020
ကိုဗစ်-၁၉ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားသုံးမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် အလှူရှင်များက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၆၃)စုကို ဆန်နှင့် စားသောက် ကုန်များ ထောက်ပံ့ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နေအိမ်ပြင်ပသို့ သွားရောက်ကြခြင်း မပြုလုပ်ကြရန် Stay at Home နေထိုင်ရေး အသိပညာပေး ဆောင်ရွက်ပြီးနောက် မော်တော်ယာဉ်များ မြို့နယ်ဖြတ်ကျော်သွားလာခွင့် QR Pass များ ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ကော်ဖီခေါင်နှိမ်ခြင်းနှင့် ကိုင်းဖြတ်ပုံ သွင်းနည်းစနစ် ပညာပေးသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ နောင်လွန်ကျေးရွာအုပ်စု တောင်သူ ဦးကျော်စွာ လွင်(ခ)ဦးဖိုးတာ၏ မြသရဖူ ရော်ဘာခြံတွင် ကျင်းပပြု လုပ်ခဲ့ကြ ကြောင်းသိရသည်။
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖျားနာကုသဆေးခန်း (Fever Clinic) ဖွင့်လှစ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါလူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။
Oct 14,2020
 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပဲခူးတပ်နယ်ရှိ ရန်ငြိမ်းအေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Oct 14,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြေစိုက်ဘုတ်တွင် ပြည်သူများ ဗဟုသုတရရှိနိုင်သည့် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များ အသိ ပညာပေးရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ပေးခဲ့သည်။