အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နှိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (အ.ထ.က)ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ၊ ကွင်းအမှတ်(၄၉၀) တောင်သူဦးမြသာ၏ ယာမြေ(၃)ဧကတွင် ယနေ့နံနက်ပိုင်းက ဆောင်းမြေပဲသီးနှံ ကျောက်မှုန့် မြေဩဇာ (ဂျစ်ပဆန်)ထည့်သွင်းခြင်း စံပြကွက်စိုက်ပျိုးကြောင်း သိရသည်။
Oct 11,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တွင် မဲရုံလုံခြုံရေး တာ၀န်ထမ်း ဆောင်မည့် အထူးရဲ (၄၇) ဦးနှင့် နည်းပြ (၈) ဦးအား Antigen Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာ၀န်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကတ်သလစ် ဓမ္မာရုံ၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသလျှက် ရှိသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ အရေးပေါ်ပြည်သူ များအတွက် အသုံးပြုရန် အမှတ် A-7 သံလွင်လမ်း၊ မေခအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသ ကြီးတွင်နေထိုင်သည့် အလှူရှင်ဦးတင်စိုးနှင့် ဇနီး ဒေါ်နန့်ဝါဝါဒွန်း၊ သားမောင်ဟိန်းထက်စိုး၊ မောင်ရှင်းသန့်စိုး မိသားစုတို့က (၁၇၈)သိန်း တန်ဖိုးရှိ အသက်ရှုစက်အား လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 11,2020
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်ကျောက်စရစ်ကျေးရွာအုပ်စုထိန်ပင်ကျေးရွာနှင့်နတ် သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာတို့၌ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင် မြစ်ကမ်းပါးပြိုကျမှု အန္တ ရာယ်ဖြစ်ပေါ်လာနိုင်သဖြင့်နေအိမ်(၆)လုံးအားယနေ့နံနက်ပိုင်းတွင်ပြောင်းရွေ့ပေးခဲ့ရသည်။
Oct 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ပိုးတွေ့ပြည်သူများ၊ ပိုးတွေ့ပြည်သူများနှင့် ဆက်စပ်သည့်ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဘက်စုံဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် မအူပင်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများ တွေ့ဆုံကာ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန် ဆွေးနွေး ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပသည်။​
Oct 11,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံး စောင့်ရှောက် ကုသပေးထားသည့် ပြွန်တန်ဆာမြို့မှ အသက်(၅၀)ကျော်အမျိုးသမီး ကိုဗစ်-၁၉ ပိုးတွေ့ လူနာမှာ ကျန်းမာရေးကောင်းမွန်၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၉)နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 11,2020
မိုင်းရယ်မြို့နယ် COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ Facility Quarantine Centre များတွင် Quarantine ဝင်ရောက်နေသူများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက ပြုလုပ်သည်။