အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိရာ အောင်လံသူ ကားဂိတ်မှ ယာဉ်ပိုင်ရှင်များနှင့် ဦးရှိုးတီမိသားစုတို့မှ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄)နာရီက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။
Oct 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁) ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး အမှတ် (၄) ရပ်ကွက် ရေလဲပေါက်နေသူ အမျိုးသားတစ်ဦး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။
Oct 11,2020
ဟင်္သာတမြို့နယ် အတွင်းဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အဝင်/အထွက်ဂိတ်များတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များက အထူးကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Oct 11,2020
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံးကိုဗစ်-၁၉ ပိုးတွေ့လူနာအဖြစ်‌‌ စောင့်ရှောက်ကုသမှု့ ပေးထားသည့် အသက်(၅ဝ)ကျော် အမျိုးသမီးတစ်ဦးသည် ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းခွင့် ရရှိသည်။