အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးစျေးတွင် ကိုဗစ်−၁၉ကာလ တွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဂန္ဓရသဝံသောသည် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ်ဝယ်ယူနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ယင်းစာသင်တိုက်တွင် အလှူငွေ ပေးအပ်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုစာရေး ဝန်ထမ်းများအား နိုင်ငံတော်မှ ထောက်ပံ့ချီးမြှင့်ခဲ့ သည့်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 12,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းအထွက် ကောင်းမွန်းတိုးဂိတ်အနီးတွင် ယာယီစစ်ဆေးရေးဂိတ်ကို ၂၀၂၀ပြည့်နှစ်အောက်တိုဘာလ ၆ ရက်နေ့က စတင် ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ၊ ယမန်နေ့က ယာဉ်မောင်း (၂) ဦးနှင့် ယာဉ်နောက်လိုက် (၁) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ ရှိခဲ့သဖြင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံ ယူစေခဲ့ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား(၁၀) ဦး အား ကျိုင်းတောင်းတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ ဝင်းထက်မွန်နှင့် လက်ထောက် ကျန်းမာရေးမှူး ဦးသက်မျိုးဦးတို့က ယမန်နေ့ ညနေ ၅ နာရီခန့်က COVID-19 RDT စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်း(၄)ဦးတို့က ယနေ့ နံနက်(၉)နာရီမှစ၍ အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများအား Test kits ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်စပ်ဒေသ၊ မြန်မာ-တရုတ်ကုန်သွယ်စီးဆင်းမှုတွင် အဓိကအသုံးပြု နေသည့် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧပြီလ၊ ပထမပတ်မှ ယာဉ်မောင်းလဲလှယ်မောင်းနှင်စေသည့်စနစ်ကို စတင်အသုံးပြုလျက်ရှိရာ ယမန်နေ့က စတင်ပြီး ယာဉ်မောင်းလဲလှယ်မောင်းနှင်သည့် နှုန်းခကို တရုတ်နိုင်ငံက ပြောင်းလဲသတ်မှတ်၍ ယခင်ထက် ယာဉ်မောင်းနှင်နှုန်းခမြင့်တက်နေကြောင်းသိရသည်။