အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စု၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း များ ကပ်ထားကြေညာခဲ့သည်။
Oct 02,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းသက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့​ကြောင်း သိရသည်။
Oct 02,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ကိုဗစ်-၁၉ကာလ အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၅)စုအတွက် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ အထူးရဲ( Special Police) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီခန့်က ချောက်ရေနံလုပ်သားများအပန်းဖြေ ရိပ်သာ(၂) ခန်းမတွင် ကျင်းပခဲ့သည်။
Oct 02,2020
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်မဲဆန္ဒရှင် စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် တောင်ကြီးမြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
Oct 02,2020
မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယ အကြိမ်ထုတ်ပြန်‌ ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
Oct 02,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တောင်သာ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။