အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ပန်းချီဆိုသည်မှာ မြင်သမျှ တွေ့သမျှ စဉ်စားတွေးခေါ် ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဍာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှု ရသများစွာ ပေးစွမ်း နိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟုတင်စားခေါ်ဝေါ်ကြသည်။
Oct 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 02,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့က အလက(၂)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Oct 02,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှ လာရောက်သည့် MV. LOCOMOTIOM သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှ လာရောက်သည့် M.V SUN NOBLE သင်္ဘောပေါ်မှ သင်္ဘောသား(၁၃)ဦး၊ တရုတ်နိုင်ငံမှလာရောက်သည့် MV.TW MANILA သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV SASEBO GLORY  သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊
Oct 02,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဆန္ဒမဲ ပေးနိုင်ရေး အတွက် မဲရုံအသီးသီးတွင် လုံခြုံရေးတာ ဝန်ထမ်းဆောင်ကြမည့် အထူးရဲများအတွက် လေ့ကျင့်သင်တန်းပေးသည့် သင်တန်း ဖွင့်ပွဲအခမ်း အနားကို ​​ ​ ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 02,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၂၈၈၁၃)ဦး ထိရှိနေ ပြီး ပထမအကြိမ် ကပ်ထားကြေညာ ခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေထက် မဲဆန္ဒရှင်ဦးရေ သုံးထောင် ကျော်ထိ ထပ်မံတိုးမြှင့် လာကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် အောက်တိုဘာ(၁)ရက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Oct 02,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်တိုင်းရင်းသားကျေးရွာများ၌ ယမန်နေ့တွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။