Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဆုချီးမြှင့်ငွေပေးအပ်
Sep 24,2020
မွန်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၏ ရုံးခန်းတွင် ယနေ့နံနက်ပိုင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှထူးချွန်စွာ အောင်မြင်ခဲ့သောကျောင်းများနှင့် (၃) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဆုချီးမြှင့်ငွေ(၁၅၇၃)သိန်းအား ပေးအပ်ရာ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က လက်ခံရယူခဲ့ကြောင်း သိရ
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့၌ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကင်းထောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပေး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွင်း (Yellow Trap) အသုံးပြု၍ ပိုးမွှားကင်းထောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးစောအောင်၏ မိုးစပါးဆင်းဧကရီး-၃ (Rc-cs) မျိုးစေ့ထုတ် (၄)ဧကအား ဗန်းမောက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဟန်စိုးနှင့် စက်တောနည်းပညာပေးစင်တာရှိ စိုက်ပညာရှင်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့် နှာခေါင်းစည်း(Mask)များ လာရောက်လှူဒါန်း
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း ခွဲ သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့် နှာခေါင်းစည်း(Mask)များ လာရောက် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ အ.ထ.က (၁)တွင် Quarantine ဝင်ရောက်နေသူများအား အသုံးအဆောင်ပစ္စည်းများပေးအပ်
Sep 24,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက(၁)တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီး (၇)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက် ၁၁:၃၀ နာရီ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 24,2020
နွားထိုးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညှိနှိုင်းအည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ် လိုင်းများအား ယာယီပိတ်သိမ်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်လိုင်းများအား ယာယီပိတ်သိမ်းနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မော်တော်ယာဉ် လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရန်အတွက် မြေနေရာကွင်းဆင်းကြည့်ရှု
Sep 24,2020
ဒေသခံစိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေအလုံအလောက် ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရန် မြေနေရာကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ နောင်ကျောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးနှင့် ဒေသခံပြည်သူများနှင့်အတူကွင်း ဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၆)ရွာမှ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29448
Page
29449
Page
29450
Page
29451
Current page
29452
Page
29453
Page
29454
Page
29455
Page
29456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department