အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယနေ့နံနက်တွင် သန်လျင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးသည်။
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ် ပွားရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ကမ်းနားလမ်းနှင့် လမ်းဆုံနေရာများတွင် အသိပညာပေးကာလ ရက်သတ္တပတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေးကာလပြီးလျှင် ပြည်သူများနေအိမ်မှ အိမ်ပြင်ထွက်ရာတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက စက်တင်ဘာ ၂၈ ရက် တနင်္လာနေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Sep 24,2020
မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ သွားလာကန့်သတ်ထားသည့် သိမ်ကုန်း ရပ်ကွက် အိမ်ထောင်စုများ အတွက် ယမန်နေ့က အလှူငွေများနှင့် အဝတ်နှာခေါင်းစည်း Mask များကို မေတ္တာစံအိမ် (Day Care Family) ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလ မြို့နယ်အတွင်းရှိ (၃)ရက်အတွင်း lockdown ဖြစ်သွားသော မိသားစု(၅၀)ကျော်အတွက် We Love Sanchaung အဖွဲ့မှ အခြေခံစားသောက်ကုန် (၉)မျိုးကို ယမန်နေ့ ညနေပိုင်းက အိမ်ရှေ့အရောက် သွားရောက် လှူဒါန်းခဲ့ပါသည်။
Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကွက်သစ် ရပ်ကွက်၊ နယ်မြေ(၃)တွင် ယနေ့ မွန်းလွဲ(၁၂)နာရီ ၅၅ မိနစ်အချိန်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 24,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံတွင် Facility Quarantine ဝင်ရောက်နေသူ (၅)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ နေထိုင်ခဲ့ပြီး ယနေ့တွင် (၁၄)ရက်ပြည့်မြောက်သည့် အတွက် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်၊ တိုက်နယ်ဆရာဝန်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်များ ပေးအပ်ပြီး နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Sep 24,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာ ကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား စစ်ဆေးအသိပညာပေး ခြင်းများကို အောင်မြေသာစံမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက ညောင်ကွဲရပ်ကွက်နှင့် မင်းတဲအီကင်းရပ်ကွက်များ အပိုင်ဖြစ်သောမြို့ပတ်လမ်းပေါ်၌ ဆောင်ရွက်ကြသည်။