ရှမ်းပြည်နယ်

မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ် စာရေးသူ အောင်သင်းရေးသားသော “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ Book Club, Youth Club, Women Club အဖွဲ့ဝင်များနှင့် စာချစ်သူများ တက်ရောက်ခဲ့ကြသည်။

ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်ကွက်(၈)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ မွေးစမှ အသက် ၂ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ရောက်ရှိသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပါသည်။

မိုးနဲမြို့ ဖိုင်လုံဆည်အထက်ပိုင်း နမ့်တွန်ချောင်းသဲနှုန်းတူးဖော်ခြင်းလုပ်ငန်း‌ဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စုရှိ ဖိုင်လုံဆည်အထက်ပိုင်း နမ့်တွန်ချောင်း သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ‌အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်အဆင့်အမျိုးသမီးကော်မတီကကြီးမှူး၍ ကလေးသူငယ်များ၏ အခွင့်အရေးများကိုကာကွယ်ပေးရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် အနာဂတ်သားကောင်းရတနာများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယ‌မန်‌နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်