မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ Read more about မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၃)ကျောင်းတွင် ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များမှ ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသမှုဆောင်ရွက် Read more about ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များမှ ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသမှုဆောင်ရွက် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်အထူးကုဆရာဝန်များမှ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရွှေညောင်ဖူးတိုက်နယ်ဆေးရုံတွင် ပြုလုပ်သည်။
မိတ္ထီလာမြို့ အ.ထ.က (၂) ၌ လူငယ်စကားဝိုင်းကျင်းပ Read more about မိတ္ထီလာမြို့ အ.ထ.က (၂) ၌ လူငယ်စကားဝိုင်းကျင်းပ မိတ္ထီလာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ Read more about ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ Read more about ကျောက်ဆည်မြို့နယ်၌ ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ခရမ်းသီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက် Read more about တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက် တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယမန်နေ့နံနက် (၉) နာရီအချိန်က အနောက်ရပ် (အ.လ.က) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ် Read more about မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.ထ.က-၃ ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်း အောင်ဇေယျခန်းမတွင် ပြုလုပ်သည်။
တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးရာသီ သီးနှံမျိုးစုံ ၁၅၅,၁၅၄ ဧကကျော် လျာထားစိုက်ပျိုးမည် Read more about တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးရာသီ သီးနှံမျိုးစုံ ၁၅၅,၁၅၄ ဧကကျော် လျာထားစိုက်ပျိုးမည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ၁၅၅,၁၅၄ ဧက ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြောပွဲကျင်းပ Read more about တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ပြည်သူလူထုအခြေပြု အသိပညာပေး ဟောပြောပွဲကျင်းပ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုအခြေပြု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၇ ရက် နေ့မွန်းလွဲ ၁ နာရီက တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံ စံပြကွက်များအားကွင်းဆင်းစစ်ဆေး Read more about ကျောက်ပန်းတောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ နှမ်းနှင့် ပဲစင်းငုံ စံပြကွက်များအားကွင်းဆင်းစစ်ဆေး မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးသီးနှံများဖြစ်သော ပဲစင်းငုံ စံပြကွက်၊ မြေပဲ စံပြကွက်နှင့် နှမ်းသီးနှံ စံပြကွက်များ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများအား၊ ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။