ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် KTV နှင့် စင်တင်တေးဂီတလုပ်ငန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် KTV နှင့် စင်တင်တေးဂီတလုပ်ငန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ နွေရာသီအခြေခံ အင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်ပြီး  နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် တောရကျောင်းတိုက် ဓမ္မာရုံတွင် ဖွင့်လှစ်သည်။

လပွတ္တာမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဒေးဒရဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အိမ်မဲမြို့တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သောကျေးရွာမြေများ မြေငှားဂရံပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင်ပါဝင်သော ကျေးရွာမြေများ မြေငှားဂရံပြုလုပ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ဝါးခယ်မမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၂၁ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဆီဆိုင်များတွင် စက်သုံးဆီများ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီဆိုင်များအနေဖြင့် မော်တော်ယာဉ်များ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဝယ်ယူကြသူများအနေဖြင့် စနစ်တကျ ဝယ်ယူစေရေး၊ ဆီတန်းစီဝယ်ယူမှုကြောင့် လမ်းပိတ်ဆို့ခြင်း၊ သတ်မှတ်ချက်များနှင့် မလျော်ညီစွာ ဝယ်ယူခြင်းစသော မလိုလားအပ်သည့် အခြေအနေများ မဖြစ်ပွားစေရေး၊  စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက စက်သုံးဆီဆိုင်များသို့ လှည့်လည် ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် အသင်းဝင် ကြက်ခြေနီ လူငယ်မောင်မယ်များ စွမ်းရည်မြင့်မားစေရေးအတွက် ဧပြီ (၂၀)ရက်နေ့ကစတင်၍ အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ ဖွင့်လှစ် ပို့ချလျက်ရှိသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ​အခြေခံ (English Grammar)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ အခြေခံ (English Grammar) ရေးသားနည်းသင်တန်းအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ကျုံပျော်မြို့၌ “WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ်ဖွင့်ပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ အင်းရဲလမ်းဆုံတွင် ဆောင်ရွက်ထားရှိသည့် "WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး