တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မေလ၁ရက်နေ့ နံနက် ၇ နာရီအချိန်မှစပြီး အထင်ကရနေရာများဖြစ်သည့် မြဝတ်ဆင်စေတီတော်နှင့် ရှင်မအောင်သာကျောက်တိုင်တို့တွင် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာလူငယ် ရွက်လှေသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးစေရန် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်းမြန်မာလူငယ် ရွက်လှေသင်တန်းသင်တန်းဆင်း ပိတ်ပွဲအခမ်းအနားကို ယ‌‌မန်နေ့နံနက်(၉)နာရီခွဲက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ဘုရင့်နောင်ကုန်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ရနောင်း-ကော့သောင်းနှစ်ခရိုင်မှ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရွက်လွှင့်နည်းပညာသင်တန်းသား/သူများနှင့် အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၄ ခုနှစ်၊ မေ လ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့နံနက်(၈)နာရီ အချိန်က ဆိုင်းဘုတ်စိုက်ထူခြင်းကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးဝန်းတွင် ဆောင်ရွက်ခဲ့ပြီး စုပေါင်းသန့်ရှင်းရေးကို ကော့သောင်းမြို့၊ ပြည်တော်အေးစေတီတော်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် တရားမဝင်ဆေးဝါးများနှင့် ဆေးညွှန်းစာဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပဋိဇီဝဆေးယဉ်ပါးမှု ကာကွယ်ရန်အတွက် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း တစ်ချို့သောဆေးဝါးများကို ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ် ဆေးဆိုင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှူး ဒေါက်တာဝင်း‌ဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိစေတီတော်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ တက်ရောက်

မေလ ၁ ရက်နေ့ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

မေလ ၁ ရက်နေ့ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်တွင် တနင်္သာရီမြို့နယ် အမျိုးသမီးအသင်းမှ (နှစ်ယောက်တွဲနှင့်သုံးယောက်တွဲ) ပြိုင်ပွဲတွင် ဆုရရှိသည့် (ပထမ)တံခွန်စိုက် ဆုဖလား (၂) လုံးအပ်နှံပွဲနှင့်ဂုဏ်ပြုပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တနင်္သာရီမြို့နယ် အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့က (၃) ယောက်တွဲနှင့် (၂) ယောက်တွဲ ပြိုင်ပွဲ (၂) ခုစလုံးတွင် (ပထမ)တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့သဖြင့်၊ ၎င်းတံခွန်စိုက်ဖလား (၂) လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ အပ်နှံခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် ငါးရံ့မင်းပရိတ်တရားတော် (မစ္ဆသုတ်တော်) ရွတ်ဖတ်ပူဇော်ခြင်းနှင့် မိုးခေါ်ပွဲများပြုလုပ်

မြန်မာနိုင်ငံ့နေရာအနှံ့အပြားတွင် ရာသီဥတုအလွန်ပူပြင်းပြီး ရေများခမ်းခြောက်နေသောအခါ မိုးများရွာသွန်းစေရန်အလို့ငှာ မြန်မာတို့၏သက်ဝင်ယုံကြည်မှုဖြင့် ငါးရံ့မင်းပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းနှင့်မိုးခေါ်ပွဲများကို ပြုလုပ်လျက်ရှိကြရာ ကော့သောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် သံဃာတော်များမှ ငါးရံ့မင်းပရိတ်(မိုးပရိတ်) တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ညနေပိုင်းတွင် လွန်ဆွဲပွဲများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြိတ်မြို့တွင် တရားမဝင်ဆေးဝါးများနှင့်ဆေးဝါးများကို ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး