မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အ.မ.က(ကျိုက်ရွဲ) စာသင်ကျောင်း၌ ပြုလုပ်သည်။