တောင်ငူမြို့၌ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့မှဦးဆောင်၍ တောင်ငူမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။