ဒေးဒရဲမြို့၌(၈၁)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ရောက်ရှိမည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်(၁၁)နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။