အမြို့မြို့အနယ်နယ်သတင်းများ

ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်း မြန်အောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် ယမန်နေ့နံနက်က မြန်အောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့အားကြည့်ရှုစစ်ဆေး၍ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် မြန်‌အောင်ခရိုင်စုပေါင်းရုံးခန်းမ၌ တွေ့ဆုံဆွေး‌နွေးခဲ့သည်။

ပူတာအိုခရိုင်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး နောက်ဆုံးအကြိမ်ကြေညာကပ်ထားမှု အား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-ခုနှစ် ဒီဇင်ဘာ(၂၈) ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ (၂၃) နံနက်ပိုင်းမှ နောက်ဆုံးအကြိမ် မဲစာရင်းကြေညာကပ်ထားမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုမှုများအား တာဝန်ရှိသူများကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ ကျောင်းသူ (၂၂၃) ဦးအား ယမန်နေ့နံနက် (၉) နာရီက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဆောင်ရွက်ပေးခဲ့သည်။

အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ များ တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို တတိယအကြိမ်ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကံကြီးကျေးရွာအုပ်စု ကံကြီးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိမှုဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် သမတကမ်းခြေ၊ သမ္ဗာန်ဆိပ်တွင် ဖြန့်ဝေပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအား တတိယအကြိမ် ကပ်ထားကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ