အမြို့မြို့အနယ်နယ်သတင်းများ

မိုးကောင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေးစာစောင်‌ဖြန့်ဝေပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများသတိပြုရန် ဆိုင်းဘုတ်စိုက်ထူ

မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အသင်းခွဲမှအသိပညာပေးစာစောင်‌ဖြန့်ဝေပြီး ပေါက်ကွဲစေတတ်သောပစ္စည်းများသတိပြုရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို အ.ထ.က(၁)ရှေ့ မီးသတ်ဦးစီးဌာနအနီးတွင် ပြုလုပ်သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ရင်းနှီး မြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင် မကွေးမြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ဖြင့် ကပ်နှိပ်ရောင်းချရမည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့်တည်းခိုခန်း၊ ရွှေထည်လက်ဝတ်ရတနာများ၊ ရုပ်သံလွှင့်မီဒီယာများ၊ လက်ကိုင်ဖုန်း(Handset) ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကံမြင့်ကျေးရွာ ​အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ကျန်းမာရေးအသိပညာပေး‌ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်‌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌ပေါင်း၍ ပြည်သူများကျန်းမာရေးနှင့်အညီနေထိုင်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘူတာရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လင်းဇင်းကျေးရွာ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့်အ‌လေ့အကျင့်‌ကောင်းများရရှိလာစေရန် အသိပညာပေးဟောပြောပွဲကို လင်းဇင်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့် ဓာတ်တိုင်များ ကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့်ဓာတ်တိုင်များကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်း‌ဆောင်ရွက်ပေးခြင်းကို ယမန်‌နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း(ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များ ရွှေသောင်ယံမြို့ Sea&Lake Garden သို့လာရောက်လေ့လာ

၂၀၂၆ ခုနှစ် တက္ကသိုလ်လူရည်ချွန်စခန်း ချောင်းသာ AKARIZ Garden Resort ရှိ တက္ကသိုလ်ပထမနှစ်၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ်များ (၂၉၁)ဦးသည် ယနေ့နံနက် (၈)နာရီ (၁၀)မိနစ် အချိန်က ကြီးကြပ်ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sea&Lake Garden သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ရက်(၁၀၀)စီမံချက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလက်မှု လုပ်ငန်းသင်တန်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တက်ရာက်ကြသည်။

မြို့သစ်မြို့နယ်တွင် ပထမရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့်  ကျေးရွာမြေဌားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကံဆွယ်ကျေးရွာအုပ်စု၊   ကံကြီး (တ)ကျေးရွာသို့သွားရောက်၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ