အမြို့မြို့အနယ်နယ်သတင်းများ

ကော့ကရိတ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် မိဘပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ ပေါ့ဆမီးမဖြစ်ပေါ်စေရေး၊ သဘာဝမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ယမန်နေ့ညနေပိုင်းက မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ စိန်ရတုပွဲတော် ကျင်းပနိုင်ရန် ဆွေးနွေးညှိနှိုင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် ကျင်းပနိုင်ရန် အကြိုဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ MEVM မဲပေးစက်အသုံးပြုပုံနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ အ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အား မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် အသိပညာပေးခြင်းအား ယမန်နေ့က အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကွမ်ခြံကုန်းမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်ခြံကုန်းမြို့နယ်၊ တိုက်ကြီ‌ကျေးရွာ၌ ကရင်သက္ကရာဇ်၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ယမန်နေ့ည ၆ နာရီက တိုက်ကြီးကျေးရွာ လယ်ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိည့် ပြည်သူများအားလုံး မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ နောင်ခဲကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖြန့်ဝေလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

(၇၈)နှစ်မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်း တက်ရောက်နေကြသည့် သင်တန်းသူအမျိုးသမီးငယ်များအား အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ယမန်နေ့က သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။

ကျောက်တလုံးကြီးမြို့တွင် ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများပိုမိုသိရှိနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ပြသထားကြောင်း သိရသည်။

သထုံမြို့နယ်၌ ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော် ကျင်းပ

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ