ဝေးလံခေါင်ဖျားဒေသသတင်းများ

ခရမ်းမြို့နယ် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးရွာများတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းများ ရွာဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိအပိုင်းများကို မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နန်းယွန်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ နန်းယွန်းမြို့ အဝင်တွင် ဆောင်ရွက်ခဲ့သည်။

Chainsaw နှင့် မီးသတ်ဆေးဘူးများ လှူဒါန်း

အောင်မြေသာစံမြို့နယ် World Vision Myanmar မှ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် Chainsaw များနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာ မီးသတ်စခန်းအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် ညောင်ပင်သာကျေးရွာ မီးသတ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည့်။

ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးသန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ် ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ဆောမြို့၌ အသားဖြန့်ဖြူးရောင်းချသူများအား အသိပညာပေးဟောပြော

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စည်ပင်သာရေးအဖွဲ့က တိရစ္ဆာန်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် အသားဖြန့်ဖြူးရောင်းချသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။

လယ်ဝေးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သူတိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီမှစ၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်နိုင်ရေး လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးနိုင်ရန် စီစဉ်‌ဆောင်ရွက်ထား လျက်ရှိသည်။

မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် (၄)ထပ်ဆောင် အဆောက်အဦ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်တစ်လုံး တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက တိုင်းရင်းဆေးတက္ကသိုလ်ဝင်း အတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။

မင်းဘူးမြို့ ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးတောင်း ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးဖြင့် ပြုလုပ်သော အိမ်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

မေတ္တာမြို့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်စစ်ဆေးမှုများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊အမှတ်(၁)ရပ်ကွက် မေတ္တာတံတားထိပ်၌ ကိုရိုနာ ဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ် စစ်ဆေးမှုများကို ယမန်နေ့ နံနက် (၉)နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ