ဝေးလံခေါင်ဖျားဒေသသတင်းများ

ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိန်လည်ကျေးရွာတွင် တောင်သူအချို့သည် ဆောင်းသီးနှံဖြစ်သည့် ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးသည့် အဆင့်ထိ လုပ်ကိုင်လာကြကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများထံအရောက် ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ စည်ပင်သာယာစျေးကြီး အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည် တူးဖော်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံး ရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး‌ အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ရည်ရွယ်၍ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး မြင့်အောင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မတ်လ ၁၂ ရက်နေ့ မှ စတင်ပြီး ရက်သတ္တပတ် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပခုက္ကူတက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

ပခုက္ကူ  မတ် ၁၄

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူ တက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက  ကျင်းပသည်။

ကြို့ပင်ကောက်မြို့တွင် အများပြည်သူသုံးဆိုလာမီးလင်းရေးလုပ်ငန်း ကျေးရွာလေးရွာတွင် ဆောင်ရွက်ပြီးစီး

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာရှိ ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ လုပ်ငန်းအဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ