ဝေးလံခေါင်ဖျားဒေသသတင်းများ

မကွေးတိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းအား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားပေးသည်။

ညောင်ဦးမြို့၌ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။

လေးမျက်နှာ မြို့နယ်တွင် စာစစ်ဌာန ( ၆ ) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန (၆) ခု၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

အင်းစိန်ရွာမချောင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ (၅) တွင် တည်ဆောက်လျက်ရှိသော ရွာမ ချောင်းကူးတံတား တည်ဆောက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့က ကွင်းဆင်းကြည့်ရှုခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ အဋ္ဌမအကြိမ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ ၂၀၂၀ - ၂၀၂၃ အဋ္ဌမအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက SWEN HOTEL ၌ကျင်းပခဲ့သည်။

ဘုတလင်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝက်လက်မြို့၌ မီဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ရွာသာကြီးကျေးရွာ စက်သုံးဆီများကို မီးဘေး လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေများ သင်ကြားပေးသည်။

ငပုတောမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဖြူး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း၌ လျှပ်စစ်မရရှိဘဲ ထင်းသုံးစွဲ နေရသည့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ အိမ်ထောင်စု ၅၄၀၀၀ ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေပြည်သာမြို့နယ်၌ လူငယ်အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်လှစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ် အဘိဓမ္မာသင်တန်းကို အသိဉာဏ်ပညာတိုးတက်စေရန်နှင့် ကုသိုလ်တရားတိုးပွားစေရန် ရည်ရွယ်၍ လူငယ်အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းကို ယမန်နေ့ ညနေ(၄) နာရီခွဲအချိန်က ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်နှင့် (၅)ရပ်ကွက်ကြား၊ ပြည်တော်သာ ပတ်လမ်း၊ မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီးတွင် ဖွင့်လှစ်ခဲ့သည်။

မီးဘေးသင့်နေအိမ်အား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ