ဝေးလံခေါင်ဖျားဒေသသတင်းများ

တိုင်းဒေသကြီးအဆင့် လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ် တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲက မကွေးမြို့တော်ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအား (၅) နှစ်တစ်ကြိမ် စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်စေတီတစ်ဆူဖြစ်တော်မူသော ဒီပါရုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြက်နား တော်နှင့် ရွှေထီးတော်အား(၅)နှစ်တစ်ကြိမ် အသစ်တင်လှူပွဲကို ယမန်နေ့နံနက် (၉) နာရီ (၉) မိနစ် (၉) စက္ကန့်အချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သုဓမ္မာ (၆) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂)ရပ်ကွက်၊ သုဓမ္မာ (၆) လမ်းတွင် ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလေးငယ်များ သွေးလွန်တုပ်ကွေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော အခြားရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများသို့ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

စတုတ္ထအကြိမ်မြောက် မံကပ်ဒေသစိတ် ကျေးရွာအလိုက် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်​ကိုင်းတိုင်းဒေသကြီး ကသာခရိုင်​ ဗန်းမောက်​မြို့နယ်​ ​ကျောက်​တန်းကျေးရွာအုပ်​စု နားမော်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ​ဘောလုံးအလွတ်​တန်းပြိုင်​ပွဲနှင့် ဆုပေးပွဲကို မြို့နယ်​အား/ကာ ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

ကျေးလက်ကျန်းမာရေးဌာခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တော ကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စု ဘုရားထူးကျေးရွာတို့၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဓာတုဗေဒဆေးဝါးများ သုံးစွဲမှုလျှော့ချစေရန် နွေစပါးစိုက်ခင်းများ၌ ဥကပ်ပါး နဂျီဥကဒ်များ ချိတ်ဆွဲ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ပိုက်ကြီးဝဲကျေးရွာအုပ်စု ပိုက်ကြီးဝဲကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ကျရောက်သော စပါး ဖျက်ပိုးများကို ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ချိတ်ဆွဲ အသုံးပြု ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက နွေစပါးစိုက်ခင်း ကွင်းအမှတ် ၁၀၃၇(က)တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကသာမြို့နယ်၊ သိမ်အင်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် သိမ်အင်းကျေးရွာရှိ "ရောင်ခြည်ဦး" စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ‌ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သိမ်အင်းကျေးရွာ အမှတ် (၇၅) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနား ဆောမြို့နယ် ကျောက်ဆွဲ ကျေးရွာတွင် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာခွဲ စံကိုက် ဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ် ဧရာဝတီလင်းပိုင်စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ် ၂ ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိ

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ