နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ
လဟယ် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားကွင်းတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် မီနီမာရသွန် (ကျား)၊ ဘော်လီဘော (ကျား)၊ ပိုက်ကျော်ခြင်း (ကျား)၊ လွန်ဆွဲ (ကျား၊ မ)၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ရိုးရာနဘမ်းနှင့် သံလုံးပစ် (ကျား၊ မ) ပြိုင်ပွဲများကို ယနေ့ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။